Sunday, June 17, 2007

အဖြူရောင်သက်တံ ၏ သတင်းထုတ်ပြန်ချက်

အချစ်ဂျာနယ်နှင့် လျှပ်တစ်ပြက်ဂျာနယ် တွင် မိဘမဲ့ကလေးများ ရန်ပုံငွေပွဲများ ကျင်းပ၍ ငွေကြေးအလွဲ သုံးစားမှုများ ရှိနေဆိုသော သတင်းနှင့် ပတ်သက်၍ အဖြူရောင်သက်တံသို့ ဖုန်းဆက်မေးမြန်းသူများ ရှိပါသည်။
အဖြူရောင်သက်တံသည် ကျင်းပသည့် ပွဲလမ်းအားလုံးကို အဖွဲ့ဝင်များ၏ကိုယ်ပိုင် ငွေကြေးဖြင့် ကျခံသုံးစွဲခြင်းသာ ဖြစ်ပြီး ပွဲကျင်းပနေစဉ် အတွင်းမှာပင် ရရှိသော အလှုငွေများကို လက်ခံမည့် အဖွဲ့အစည်းများသို့ တစ်ခါတည်း လွဲပြောင်း လှုဒါန်းပါသည်။ အလှုငွေများ ပေါ်မှ စရိတ်စက သုံးစွဲခြင်း လုံးဝမရှိပါ။ အနုပညာရှုင်များ၏ မွန်မြတ်သော စိတ်ဓာတ်ဖြင့် ကိုယ်ပိုင် ငွေကြေးနှင့် အချိန်ကို စိုက်ထုတ် ပြီး စုပေါင်းဆောင်ရွက် ခြင်းသာဖြစ်ပါသည်။ အရှုပ်အရှင်း ဖြစ်သောအဖွဲ့မှာ After love ဖြစ်ပါသည်။
အလားတူ MiddleLine ဂျာနယ်တွင်လည်း ကဗျာရွတ်ဆို အလှုခံခြင်းအပေါ် ရှုံ့ချ ရေးသားထားသည်ကို တွေ့ရပါသည်။ အလှုရှင်များ အနေဖြင့် သဒ္ဓါပေါက်သည့် အချိန်တွင် လှုဒါန်းခြင်း ဖြစ်ပြီး အဖြူရောင်သက်တံမှ မိမိတို့ ကျင်းပသည့်ပွဲများတွင် ထိုအလှုရှင်များကို ဖိတ်ခေါ် ဂုဏ်ပြုခြင်းသာ ဖြစ်သည်။ မိမိတို့ အဖွဲ့အပေါ် မည်သို့သော တိုက်ခိုက်မှုများ ရှိစေကာမူ မိမိတို့ ရည်ရွယ်ချက် အတိုင်း မိဘမဲ့ကလေးများ၏ နေထိုင်ရေး၊ စားဝတ်နေရေး၊ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အတွက် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ။

1 comment:

လင်းမိုးလက် said...

အဖြူရောင်သက်တံ ရဲ့ မွန်မြတ်တဲ့စိတ်ထားကို
လေးစားပါတယ် . . .