Monday, August 6, 2007

တာရာမင်းဝေ၏ နောက်ဆုံးကဗျာ



တာရာမင်းဝေ၏ လက်ရေးမူဖြင့် ရေးထားသော နောက်ဆုံးကဗျာ



ပလုံ

ရေထဲကို ခဲကျသွားတာလည်း ဖြစ်နိုင်တယ်
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိုင်တယ် ။

တစ်နေ့မှာ ငါအထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်။
ဘယ်လိုဖြစ်သွားသလဲ မသိဘူး

`` ပလုံ´´

(တာရာမင်းဝေ)

တာရာမင်းဝေအတွက် ၀မ်းနည်းကြေကွဲခြင်း



ကဗျာဆရာ၊ မော်ဒန်စာရေးဆရာ တာရာမင်းဝေ (ခ) ရွေဘုန်းလူ (ခ) ချစ်ညီညီ၊ အသက် ၄၁ နှစ်သည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် အသည်းရောဂါဖြင့် မြောက်ဥက္ကလာဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် အဖြူရောင်သက်တံမှ မိသားစုနှင့်အတူ ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း . . .