Wednesday, June 6, 2007

အဖြူရောင် သက်တံ ဆိုတာဘာလဲ

အဖြူရောင်သက်တံ အဖွဲ့ဆိုတာ မိဘမဲ့ကလေးတွေအတွက် ရံပုံငွေရှာပေးနေတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ လေးဖြစ် ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင် ခြောက်ဆယ်ကျော်နဲ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

ဘယ်နေရာတွေကို လှုဒါန်းနေသလဲ
အဖြူရောင် သက်တံရဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ဒဂုံမြို့သစ်မြောက်ပိုင်း တပင်ရွှေထီးလမ်းက HIV ပိုးကူးစက်ခံ မိဘမဲ့ ကလေးတွေရဲ့ သုခရိပ်မြုံဂေဟာ၊ လှည်းကူးမြို့က VCC တိုင်းရင်းသား ကလေးငယ်များ ပရဟိတ ဂေဟာ၊ ဗဟန်းမိဘမဲ့ ကလေး ဂေဟာ တွေကို စုစုပေါင်း ကျပ်သိန်းသုံးရာကျော် နဲ့ မီးစက်၊ တီဗီ၊ အ၀တ်အထည်၊ စာအုပ်၊ ဆေးဝါး၊ တွေကို လှုဒါန်းပြီး ဖြစ်ပါတယ်။

ဘယ်လိုလှုဒါန်းလို့ရသလဲ
အဖြူရောင်သက်တံ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကဗျာဆရာ စောဝေ ( ဖုန်း 09 5000 346 )၊ စာရေးဆရာ ဇော်သက်ထွေး ( ဖုန်း 09 51 21675 )၊ စာရေးဆရာ မာဂျေ ( ဖုန်း 09 51 54591) ကိုဆက်သွယ်လှုဒါန်း နိုင်ပါတယ်။

ဘာတွေလှုဒါန်းလို့ရသလဲ
ကလေးတွေအတွက် အစားအသောက်၊ ဆေးဝါး၊ အ၀တ်အထည်၊ စာရေးကိရိယာ ကစပြီး ကိုယ်လှုဒါန်းချင်တာကို အဲဒီဂေဟာတွေမှာ ကိုယ်တိုင်သွားရောက် လှုဒါန်းချင်ရင်လဲ စီစဉ်ပေးပါတယ်။

2 comments:

Unknown said...

မြန်မာပြည်က..ကဗျာဆရာ..(စာရေးဆရာ)တွေအားလုံးရဲ့ ကျန်းမာရေးအတွက်..အမြဲ မေတ္တာပို့သနေပါတယ်....။ အခု ကျန်းမာရေးဆိုးဝါးနေတဲ့..ဆရာတွေအတွက် လည်းဆုတောင်ပေးနေပါတယ်....။ (အဖြူရောင်ပါလို့..ပြောထားတဲ့ သက်တန့်ကိုတောင်......၊ )
ဘာပဲဖြစ်ဖြစ်..တပျော်တပါးကြီးပြန်ဆုံချင်ပါသေးတယ်..။
အဖြူရောင်သက်တန့် ၀ိုင်းတော်သားများအားလုံး..စိတ်မချမ်းသာကြပေမယ့် .... ကိုယ်ကျန်းမာကြပါစေ.............။

ဇဝါ said...

ု့ပြည်ပရောက်နေသူတွေ ကျတော့ ဘယ်လိုပုံစံနဲ့  ဆက်သွယ်ကူညီနိုင်မလဲ။ အဖြူရောင်သက်တံ ရေရှည် တည်တံ့နိုင်ပါစေ..