Thursday, July 19, 2007

သုခရိပ်မြုံဆိုတာ

သုခရိပ်မြုံ ဂေဟာကို တွေ့ရစဉ်


သုခရိပ်မြုံသည် ဒဂုံ မြို့သစ် အရှေ့ပိုင်း ဆယ့်တစ်ရပ်ကွက် တပင်ရွှေထီးလမ်းမကြီး ပေါ်တွင်တည်ရှိပါသည်။ HIV ပိုးကူးစက်ခံ မိဘမဲ့ ကလေး ၁၄ ဦးကို ပြုစုထားရှိပြီး သူနာပြုဆရာမများ ကျောင်းဆရာမများလည်း ငှါးရမ်းထားရှိပါသည်။ ယခုမြင်တွေ့ရသော နှစ်လုံးတွဲ အဆောက် အအုံမှာ အဖြူရောင် သက်တံနှင့် အခြားစေတနာရှင်များ လှုဒါန်းသောငွေဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထိုသုခရိပ်မြုံသို့လည်း ကိုယ်တိုင် သွားရောက်၍ ကလေးများ အတွက် လိုအပ်သည်များကို လှုဒါန်းနိုင်ပါသည်။

Wednesday, July 18, 2007

သုခရိပ်မြုံသို့ ငွေလှုဒါန်း



ကာတွန်းဆရာ စိုးသော်တာက ကလေးများကို ကာတွန်းဆွဲပြစဉ်

ထိုင်းနိုင်ငံရှိ ကနေဒါသံရုံးမှ နိုင်ငံရေးနှင့် လူမှုရေး ကောင်စစ်ဝန် မစ္စတာ မတ်(က်)အေမက်ဒေါဝယ်လ်သည် HIV ပိုးကူးစက်ခံ မိဘမဲ့ ကလေးဂေဟာ သုခရိပ်မြုံသို့ အဖြူရောင်သက်တံမှ တစ်ဆင့် ယနေ့ ဇူလိုင်လ ၁၈ ရက်တွင် အမေရိကန် ဒေါ်လာ သုံးရာနှင့် ဆေးဝါးနှင့် အ၀တ်အစားများ လာရောက် လှုဒန်းသွားပါသည်။ ယနေ့တွင်ပင် အဖြူရောင်သက်တံမှ တစ်ဆင့် ဦးစောဝေ၊ ဒေါ်နန်းစမ်းစမ်းအေး (အဓိပတိထမင်းဆိုင်) မှ ကျပ်ငါးသိန်း တစ်သောင်း၊ ဦးနေမျိုးဆေးနှင့် ဒေါ်သန္တာ မိသားစုက ကျပ်တစ်သိန်း၊ ဦးကျော်စိုးမြင့် မိသားစုက ကျပ်ငါးသိန်း၊ ရန်ကုန်အနှောက်ပိုင်း နည်းပညာ တက္ကသိုလ်မှ ဆရာမ ဒေါ်လဲ့လဲရီနှင့် ဆရာ ဆရာမများက ကျပ်နှစ်သိန်း လေးသောင်း ခြောက်ထောင် ကို သုခရိပ်မြုံသို့ လှုဒါန်းနိုင်ခဲ့ပါသည်။
ယနေ့ လှုဒန်းခဲ့သော အလှုငွေ စုစုပေါင်းမှာ ကျပ်ဆယ့်သုံးသိန်း ငါးသောင်း ခြောက်ထောင် နှင့် အမေရိကန် ဒေါ်လာ သုံရာဖြစ်သည်။

Tuesday, July 10, 2007

မိုးထဲရေထဲက အလှု


အဲဒီအသွားခရီးမှာ ကားလမ်းရေမြုတ်နေတဲ့အတွက် အလှုရှင်တွေဟာ ၀ါးဖောင်နဲ့ သွားရောက်ခဲ့ရပါတယ်။


ဇူလိုင်လ ၆ ရက်နေ့က အဖြူရောင်သက်တံ အဖွဲ့ဝင်များနဲ့ Crane International School ကကျောင်းသား ကျောင်းသူ စေတနာရှင်များဟာ လှည်းကူးမြို့မှာ ရှိတဲ့ VCC ( Victoria Childcare Centre ) ကိုသွားရောက်ပြီး ကလေးတွေ အတွက်လိုအပ်တဲ့ မီးစက်၊ ဆန်၊ ဆီ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆေးဝါး၊ ထီး၊ ဖိနပ် အပါ အ၀င် စားသောက်ကုန်နဲ့ လူသုံးကုန်တွေ လှုဒါန်းခဲ့တဲ့ အပြင် ငွေသားကျပ် ဆယ်သိန်းခုနှစ်သောင်းငါးထောင် ကျပ်ပါ လှုဒါန်းနိုင်ခဲ့ပါတယ်။