Wednesday, July 18, 2007

သုခရိပ်မြုံသို့ ငွေလှုဒါန်း



ကာတွန်းဆရာ စိုးသော်တာက ကလေးများကို ကာတွန်းဆွဲပြစဉ်

ထိုင်းနိုင်ငံရှိ ကနေဒါသံရုံးမှ နိုင်ငံရေးနှင့် လူမှုရေး ကောင်စစ်ဝန် မစ္စတာ မတ်(က်)အေမက်ဒေါဝယ်လ်သည် HIV ပိုးကူးစက်ခံ မိဘမဲ့ ကလေးဂေဟာ သုခရိပ်မြုံသို့ အဖြူရောင်သက်တံမှ တစ်ဆင့် ယနေ့ ဇူလိုင်လ ၁၈ ရက်တွင် အမေရိကန် ဒေါ်လာ သုံးရာနှင့် ဆေးဝါးနှင့် အ၀တ်အစားများ လာရောက် လှုဒန်းသွားပါသည်။ ယနေ့တွင်ပင် အဖြူရောင်သက်တံမှ တစ်ဆင့် ဦးစောဝေ၊ ဒေါ်နန်းစမ်းစမ်းအေး (အဓိပတိထမင်းဆိုင်) မှ ကျပ်ငါးသိန်း တစ်သောင်း၊ ဦးနေမျိုးဆေးနှင့် ဒေါ်သန္တာ မိသားစုက ကျပ်တစ်သိန်း၊ ဦးကျော်စိုးမြင့် မိသားစုက ကျပ်ငါးသိန်း၊ ရန်ကုန်အနှောက်ပိုင်း နည်းပညာ တက္ကသိုလ်မှ ဆရာမ ဒေါ်လဲ့လဲရီနှင့် ဆရာ ဆရာမများက ကျပ်နှစ်သိန်း လေးသောင်း ခြောက်ထောင် ကို သုခရိပ်မြုံသို့ လှုဒါန်းနိုင်ခဲ့ပါသည်။
ယနေ့ လှုဒန်းခဲ့သော အလှုငွေ စုစုပေါင်းမှာ ကျပ်ဆယ့်သုံးသိန်း ငါးသောင်း ခြောက်ထောင် နှင့် အမေရိကန် ဒေါ်လာ သုံရာဖြစ်သည်။

No comments: